ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်အား လက်မခံကြောင်း သရက်ပြည်သူများ သံပုံးတီးဆန္ဒပြ
DVB
·
February 20, 2021
ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးအားဖြုတ်ချပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က အုပ်ချုပ်ရေးမှူးအသစ် အစားထိုးခန့်တာကို မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ထုံးတောင်ကျေးရွာအုပ်စု ပြည်သူတွေက သံပုံးတီး ကန့်ကွက်ခဲ့ကြပါတယ်။
အုပ်ချုပ်ရေးမှူးအသစ်အား လက်မခံကြောင်း ဒီနေ့ နေ့လယ်ပိုင်းမှာ ပြည်သူတွေ သံပုံးတီး မောင်းထုတ်ခဲ့ကြတာပါ။
အာဏာသိမ်းစစ်ကောင်စီရဲ့ ရပ်ကျေးဥက္ကဋ္ဌတွေ ခန့်အပ်တာကို ချောက်မြို့နဲ့ မြို့နယ်အချို့တို့မှာ ပြည်သူတွေက သံပုံးတီးကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။