မန္တလေးမြို့တွင် ပြည်သူနှင့် ရဲတပ်ဖွဲ့ရုန်းရင်းဆန်ခတ်ဖြစ်၊ လူအချို့ ဒဏ်ရာရ
DVB
·
February 20, 2021
မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ဖြိုခွင်းတာကြောင့် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ - မန္တလေး) ရဲ့ ကုန်တင်သင်္ဘောထွက်ဖို့ ဖိအားပေးခံရတာကြောင့် အများပြည်သူက လာရောက်တားဆီးရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။
အခုချိန်မှာ စစ်တပ်အင်အား၊ ရဲအင်အားအပြည့်နဲ့ လုံခြုံရေးယူထားကြပါတယ်။
နိုင်လင်းဦး