မန္တလေးတိုင်း မိုးကုတ်မြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် သပိတ်ခေါင်းဆောင် ဦးစိုးဌေးရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂၀ ရက်မနက်ပိုင်းက ကား ၃ စီးနဲ့ အင်အားသုံးပြီး လာရောက်ရှာဖွေတယ်လို့ သိရပါတယ်။
“ရဲရော၊ စစ်သားရော အင်အား ၃၀ လောက်ရှိကာ ဗမွန်ရွာက အုပ်ချုပ်ရေးမှူးအပါအဝင် လက်နက်တွေ ကိုင်ဆောင်ဝင်လာပြီး ကိုစိုးဌေးနဲ့ ဆွေးနွေးစရာရှိတာကြောင့် လာရှာတာလို့ စခန်းမှူးက ပြောတယ်” လို့ ဦးစိုးဌေးရဲ့ဇနီးက ပြောပါတယ်။
သပိတ်ခေါင်းဆောင် ဦးစိုးဌေးနဲ့ ရေပူကျောင်းဆရာတော်ကို ပုဒ်မ-၅၀၅(က) နဲ့ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
ဦးစိုးဌေးအိမ်ကို နေရာအနှံ့ လိုက်လံရှာဖွေပေမဲ့ မတွေ့ရတာကြောင့် မနက် ၈ နာရီဝန်းကျင်မှာ ပြန်သွားတယ်လို့လည်း သိရပါတယ်။
လာရောက်ရှာဖွေတဲ့ ကားတွေဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အိမ်အနီးနားမှာ လာရောက်လေ့ရှိတဲ့ ကားတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ဟန်နာထက်အောင်