Home
မြန်မာသတင်း
ချမ်းအေးသာစံတွင် ယာယီကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆေးပေးခန်း ဖွင့်လှစ်
DVB
·
February 19, 2021
149463926_2913699028887137_7436618200676429545_n

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၉ လမ်း၊ ၃၃ လမ်း နဲ့ ၃၄ လမ်းကြားမှာ ယာယီကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆေးပေးခန်းကို ဖေဖော်ဝါရီ ၁၈ ရက်ကစတင်ပြီး နေ့စဥ် မနက် ၉ နာရီကနေ ညနေ ၄နာရီထိ ဖွင့်လှစ် ကုသပေးနေပါတယ်။

အခမဲ့ ဆေးပေးခန်းကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ မိတ်ဖက်ညီနောင်အသင်းများ စုပေါင်းပြီး ဖွင့်လှစ်ထားတာပါ။

"ကျနော်တို့က အပေါ်ယံ ထိခိုက်ဒဏ်ရာရတာတွေကို ကုသပေးနိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူတွေကျတော့ အဆင်မပြေဘူး။ အခုလိုအချိန် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ ကိုဗစ်ကာလတုန်းက ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဆရာဝန်တွေကို ချိတ်ဆက်ပြီး ယာယီကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းကို ဖွင့်လှစ်လိုက်တာပါ။ ဒီမှာ ခွဲစိတ်ကုသရမယ့် လူနာကလွဲရင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးမယ်၊ တကယ်လို့ ခွဲစိတ်ကုသမှု လုပ်ရမယ့် ဆင်းရဲနွမ်းပါးဆိုရင် အသင်းက မျှခံပြီး ဆရာဝန်တွေနဲ့ ညှိပြီး သူတို့ ချိတ်ဆက်ပေးတဲ့ ဆေးရုံတွေကိုသွားပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်" လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်တင့် (ပရဟိတမင်းခေါင်) က ပြောပါတယ်။

အခုကာလ ဆေးခန်းပြသဖို့ အခက်အခဲရှိချိန် ယာယီကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဖွင့်လှစ်တာပါ။

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ မိတ်ဖက်ညီနောင်အသင်းတွေဟာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သ‌ေတွေ လမ်းပေါ်ထွက် တောင်းဆိုမှုတွေမှာ ပရဟိတအသင်းကားတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာလည်း ဖြစ်ပါတယ်။

သတင်း - သော်တာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024