Home
မြန်မာသတင်း
မိုးညိုတွင် ပညာရေးဝန်ထမ်း ၆၀၀ အပါအဝင် အင်အား သောင်းချီဆန္ဒပြ
DVB
·
February 19, 2021
152282849_3024079267824720_1970529823592523377_o
152009526_3024078994491414_776284271040192373_n
151860948_3024079137824733_4288562837466232706_n
151779336_3024079364491377_3084560679571070872_n
152009526_3024078994491414_776284271040192373_n

ပဲခူးတိုင်း မိုးညိုမြို့မှာ ဖေဖောဝါရီ ၁၉ ရက် စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှု ၁၇ ရက်မြောက်‌နေ့မှာတော့ ပညာရေးဝန်ထမ်း ၆၀၀ အပါအဝင် အင်အား သောင်းချီဆန္ဒပြခဲ့ကြပါတယ်။

ပညာရေးဝန်ထမ်းတွေဟာ “ကျနော်တို့သည် မိုညိုမြို့နယ်မှာ ပညာရေးဝန်ထမ်းများဖြစ်ပါသည်၊  ၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံတာဝန်များကို မဲမသမာမှု ကင်းရှင်စွာဖြစ် သမာသမတ်ကျစွာဆောင်ရွက်ခဲ့သူများဖြစ်ပါသည်ဟု သစ္စာစကားဆိုပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှုံးပါစေ" ဟု ကြွေးကြော်ခဲ့ကြပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူတွေကလည်း  မြို့တွင်းလူစည်းကားရာ လမ်းမတွေ ပေါ်မှာ ဆန္ဒထုတ်ဖော်ပြီး မြို့နယ်ပညာရုံးမှူးရှေ့မှာလည်း CDM မှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မိုးညိုမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်လာတာ ၁၇ ရက်မြောက် ရှိလာပြီး ဆန္ဒထုတ်ဖော်သူတွေကိုတော့ ဖမ်းဆီးသွားတာ မရှိ‌သေးဘူးလို့ သိရပါတယ်။

သက်နိုင်ဝင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024