Home
မြန်မာသတင်း
ဒီမိုကရေစီရရှိရေး အင်းတော် ဝန်ထမ်းနှင့်ဒေသခံများ ဆန္ဒပြ
DVB
·
February 19, 2021
152045932_2822016791347700_1250834442226855182_o
151235716_2822017031347676_2669046749683854263_o
152401005_2821994734683239_8498033606780150146_o
152237019_2821994864683226_4159660844477381612_o
152213688_2821994668016579_5298581505818809691_o
152144252_2821994804683232_6097207614722989278_o

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၂ ရက်မြောက်နေ့အဖြစ် ဝန်ထမ်းနဲ့ ဒေသခံပြည်သူတွေ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အင်းတော်-ဗန်းမောက် ကားလမ်းဆုံကနေ မနက် ၉ နာရီစတင်ကာ မြို့တွင်း လှည့်လည်ခဲ့ပြီး စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ပြည်ထောင်စု လွှတ်တော်ခေါ်ယူရေး စတဲ့ ကြွေးကြော်သံတွေနဲ့  လှည့်လည်ခဲ့ကြပါတယ်။

အင်းတော်မြို့တွင်း  လှည့်လည်ပြီး ထွေအုပ်ရုံးလမ်းထောင့်မှာ ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ပွဲကို မနက် ၁၀ နာရီခွဲ ရုပ်သိမ်းခဲ့ပါတယ်။

သတင်း - ကိုကိုလင်း (အင်းတော်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024