ကလေးတွင် ကုန်တင်ကား ရာချီ ဆန္ဒပြ
DVB
·
February 18, 2021
အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ၁၂ ရက်မြောက်နေ့အဖြစ် ကလေးမြို့ ပြည်သူတွေနဲ့ အတူ ကုန်တင်ကား အစီးရာချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ရှေ့နေတွေ၊ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပြည်သူ အင်အား သိန်းချီ ပါဝင်ခဲ့ကြပါတယ်။
အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို မနက် ၉ နာရီ ကလေးမြို့ စကားလှ ဘုရားရှေ့ မျက်နှာစာကနေ စတင်ထွက်ခွာခဲ့ပြီး ကလေးမြို့ ဘုရင့်နောင်လမ်းမကြီးအတိုင်း ချီတက်ခဲ့ကြတာပါ။
မင်းရဲစစ်နိုင်