မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ပြင်ဆင်တည်းဖြတ်ထားတဲ့ ဥပဒေတွေကို လိုက်နာသင့်တယ်လို့ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးက ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
အိမ်ပြောင်းချင်တဲ့ ထိုင်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ပြင်ဆင်လိုက်တဲ့ ရပ်ကျေး စီမံအုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာစီမံအုပ်ချုပ်သူတွေကို အကြောင်းကြားရမယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြင်ဆင်တည်းဖြတ်လိုက်တဲ့ ရာဇဝတ်မှုဥပဒေကို ချိုးဖောက်နိုင်လောက်တဲ့ သတင်းစကားတွေ ရုပ်ပုံတွေ ရုပ်သံတွေကို မမျှဝေခင် စဉ်းစားသင့်တယ်လို့လည်း ထိုင်းသံရုံးက ပြောပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေ ဆင်နွှဲနေတဲ့နေရာတွေကို ထိုင်းနိုင်ငံသားတွေအနေနဲ့ မသွားဘဲ ရှောင်သင့်တယ်လို့လည်း သံရုံးက သတိပေးလိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။