မြန်အောင် ရွှေပြည်သာရေနံမြေတွင် CDM ဝန်ထမ်းများကို ဖိအားပေးအလုပ်ဆင်းခိုင်း
DVB
·
February 17, 2021
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိရေနံမြေဝန်ထမ်းတွေဟာ စစ်အစိုးရကို ဆန့်ကျင်အာခံတဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာကြောင့် အာဏာပိုင်တွေက ဝန်ထမ်းတွေကို ဖိအားပေး အလုပ်ဆင်းခိုင်းနေပါတယ်။
ဝန်ထမ်းတချို့ကတော့ အထက်အရာရှိရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ အလုပ်အဆင်းပြပေးရသူတချို့ ရှိနေတယ်လို့ ရေနံမြေဝန်ထမ်းတွေက ပြောပါတယ်။
မြန်အောင် ရွှေပြည်သာရေနံမြေဒေသရှိ ရေနံမြေဝန်ထမ်းမိသားစု ၃၀၀ လောက်ကလည်း ဒီကနေ့ မနက် မြန်အောင်ရေနံမြေဒေသတွင်း လှည့်လည်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။