Home
မြန်မာသတင်း
ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်း အခြေအနေ
DVB
·
February 16, 2021
150840296_1914440195378264_3990049250458309974_n

ရန်ကုန်မြို့ ဆူးလေတဝိုက်မှာ  ဖေဖော်ဝါရီ ၁၆ ရက်နေ့မနက် ၁၀ နာရီလောက်အထိ  ဆန္ဒပြသူတွေ အနည်းငယ်ကိုသာ တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှေ့မှာတော့ မနေ့ကလို မဟုတ်တော့ဘဲ လမ်းကို ပိတ်ထားပါတယ်။ အဲဒီလမ်းပိတ်ထားတဲ့နေရာရဲ့ ရှေ့မှာပဲ ဆန္ဒပြသူတွေ ရှိနေပါတယ်။ 

ပန်းဆိုးတန်းလမ်းက မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ-၁ ရှေ့မှာတော့ ပြည်သူတွေနဲ့ အနုပညာရှင်တွေ ဆန္ဒပြခဲ့ကြပြီး  ဘဏ်ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တိုက်တွန်း တောင်းဆိုနေကြပါတယ်။

တရုတ်သံရုံးရှေ့မှကတော့ ကဗျာဆရာတွေ စုပေါင်းပြီး ဆန္ဒပြနေသလို တခြား ဆန္ဒပြသူတွေလည်း ရှိနေပါတယ်။ UN ရုံးရှေ့မှာကတော့ အရင်ရက်တွေလိုပဲ လာရောက်ဆန္ဒပြ တောင်းဆိုမှုတွေက မနက်အစောပိုင်းတည်းက ရှိနေပါတယ်။

အမေရိကန်သံရုံးရှေ့မှာတော့ ဒီမနက် ၁၁ နာရီလောက်မှာကတည်းက ဆန္ဒပြသူတွေ အများအပြား ရှိနေတာကို တွေ့ရပါတယ်။

မြေနီကုန်းလမ်းဆုံက ခုံးတံတားအောက်မှာလည်း ဆန္ဒပြသူတွေ ထိုင်သပိတ်ဆင်နွှဲနေတာကို တွေ့ရပါတယ်။ အင်းစိန်ရထားစက်ခေါင်းစက်ရုံမှာ ရထားစက်ခေါင်းတွေ ထွက်ဖို့ လာရောက် အာဏာပိုင်တွေက ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

မီးရထားစက်ခေါင်းတွေ မထွက်နိုင်ဖို့အတွက်ကိုလည်း ပြည်သူတွေက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ မနက်အစောပိုင်းကတော့  အဲဒီကနေပြီး မီးရထားစက်ခေါင်းတစီး ရန်ကုန်ဘူတာကြီးဘက်ကို ထွက်သွားတယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

အဲဒီလို မီးရထားစက်ခေါင်းတစီး ဘယ်လို အခြေအနေတွေကြောင့် ထွက်သွားခဲ့လဲ ဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024