ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ တပ်မတော်က အာဏာသိမ်းမှုကို တောင်ကြီးသားတွေ လုံးဝ လက်မခံကြောင်းပြသတဲ့အနေနဲ့ ဒီကနေ့ ရိုးရာ မီးပုံးပျံလွှတ်တင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
တပ်မတော် အာဏာသိမ်းမှုကို လုံးဝလက်မခံတဲ့အကြောင်း၊ မတရား ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ မီးပုံးပျံ လွှတ်တင်ခဲ့တာပါ။
“အဓိက လူငယ်တွေ စုစုစည်းစည်းနဲ့ ဒီလိုဖြစ်ချင်တယ်၊ ဒီလို တောင်းဆိုတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ရိုးရာနဲ့ စစ်အာဏာသိမ်းမှု လုံးဝလက်မခံဘူး၊ မတရားဖမ်းထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်” လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။
မီးပုံးပျံ ကိုယ်ထည်မှာ reject military group, respect our votes ဆိုပြီး ရေးသား ဖော်ပြထားပါတယ်။
ခွန်ရာဇာ