Home
မြန်မာသတင်း
လွိုင်ကော်တွင် အင်အားသိန်းချီ ဆန္ဒပြ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ထပ်မံပူးပေါင်းလာဖြင့် ၆၄ ဦးရှိလာ
နော်နိုရင်း
·
February 14, 2021
150690185_10221916590717278_169216969548500137_n
150616494_10221916591917308_8699729266703124228_n
150446710_10221916592437321_6903952053684818367_n
149946434_10221916591317293_4513570104169572522_n
150446710_10221916592437321_6903952053684818367_n

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲရဲ့ ၇ ရက်မြောက်နေ့ ဆက်လက်ကျင်းပနေပြီး ပညာရေးအပါအဝင် ဌာနအတော်များများက ဝန်ထမ်းတွေနဲ့ ပြည်သူ သိန်းချီ ပါဝင်ခဲ့ကြပါတယ်။ 

ဒီနေ့ ဆန္ဒပြပွဲမှာလည်း ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ စက်မှုလယ်ယာဌာနက ဝန်ထမ်းတွေ ထပ်မံပူးပေါင်းလာကြတယ်လို့ ဒီဗွီဘီနယ်ခံသတင်းထောက်က ပြောပါတယ်။

မနေ့က ဆန္ဒပြပွဲမှာတော့ လွိုင်ကော်မြို့နယ်နဲ့ ဒီးမောဆိုမြို့နယ်က ရဲတပ်ဖွဲ့ဝင်အပါဝင်  ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၇ ဦး ထပ်မံပူးပေါင်းခဲ့တာကြောင့် ကယားပြည်နယ်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၆၄ ဦး ရှိလာပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းက ဆန္ဒပြပြည်သူတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးပူး ပေါင်းပါဝင်ခဲ့ပြီး ၁၁ ရက်နေ့မှာ နောက်ထပ် ၂ ဦး ပါဝင်လာခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024