စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနဲ့ Church ကျောင်းအသီးသီးက ချင်းတိုင်းရင်းသားအများစု ပါဝင်လာပါတယ်။
ပြီးခဲ့တဲ့ရက်ဆန္ဒပြပွဲတွေမှာ ပြည်သူနဲ့အတူ ဗုဒ္ဓဘာသာ သံဃာတော်အချို့သာ ပါဝင်ခဲ့ပေမယ့် အခုအခါမှာတော့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တရားဟောဆရာတွေ ကိုယ်တိုင် ပူးပေါင်းပါဝင်လာသလို ချင်းတိုင်းရင်းသားအများစုကလည်း ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး လိုက်ပါခဲ့ကြပါတယ်။
ကလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတာ ဒီနေ့နဲ့ဆို ၇ ရက်မြောက်ရှိလာပြီဖြစ်သလို CDM မှာပါဝင်တဲ့ ဌာနဆိုင်ရာအများစုနဲ့ ပြည်သူ တစ်သိန်းကျော်က မြို့ပေါ်မှာ ငြိမ်းချမ်းစွာနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဆလိုင်းထန်ကျင့်ခွာ