ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲရဲ့ ၆ ရက်မြောက်နေ့မှာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမောဆိုမြို့နယ်က ရဲတပ်ဖွဲ့ဝင်အပါဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၇ ဦး ထပ်မံပူးပေါင်းပါဝင်ပါတယ်။
ဒါကြောင့် ကယားပြည်နယ်မှာ CDM ပါဝင်တဲ့ရဲတပ်ဖွဲ့ဝင် ၆၁ ဦး ရှိလာပြီဖြစ်ကြောင်း ကယားပြည်နယ် သပိတ်ကော်မတီက ကြေညာပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းက ဆန္ဒပြပြည်သူတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင် ၅၂ ဦးပူး ပေါင်းပါဝင်ခဲ့ပြီး ၁၁ ရက်နေ့မှာ နောက်ထပ် ၂ ဦး ပါဝင်လာခဲ့ပါတယ်။
စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လူထုလူတန်းစားတို့ရဲ့ စစ်ဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲမှာ ပြည်သူလူထုနဲ့ တသားတည်ရပ်တည်ကြောင်း ငြိမ်းချမ်းရေးယူထားတဲ့ ကယန်းပြည်သစ်ပါတီက ကြေညာထားပါတယ်။
အလားတူ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကလည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ နိုင်ငံတဝန်းလုံးရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနဲ့အတူ တသားတည်း ရပ်တည်ကြောင်းနဲ့ အာဏာသိမ်းတပ်မတော်မှ ဖွံစည်းထားတဲ့ စံမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် မည်သည့်အင့်နေရာတွင်မှ ပါဝင်ပတ်သက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။