ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ စစ်အာဏာဏရှင်ဆန့်ကျင်ရေး ၆ ရက်မြောက်နေ့ ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်/ကျေးအုပ်ချူပ်ရေးမှူးတွေ၊ တောင်သူလယ်သမားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ လူငယ်တွေနဲ့ ပြည်သူတွေ လူအင်အားသောင်းချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ရပ်ကွက်/ ကျေးရွာအုပ်ချူပ်ရေးမှူးတွေ အလုပ်မှာရပ်နားတဲ့ စာထွက်ရှိခဲ့ပြီးနောက် ဆက်လက်မလုပ်တဲ့ အုပ်ချူပ်ရေးမှူးတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေ ပါဝင်လာခဲ့တာပါ။
တိုက်ကြီးမြို့နဲ့ အဖျောက်မြို့တို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲမှာ ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ မြေစာရင်းနဲ့ အဖျောက်ရေနံမြေလုပ်သားတွေ ပါဝင်လာခဲ့ပြီး အင်အားသောင်းနဲ့ချီ ဆက်လက်ဆန္ဒဖော်ထုတ်နေကြပါတယ်။