Home
မြန်မာသတင်း
ဥက္ကံမြို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဝန်ထမ်းများပါဝင်လာ
DVB
·
February 10, 2021
148882691_1300173353715704_2397096391623261895_o
148577638_1300173310382375_3975918675414730153_o
148317644_1300173153715724_8983576169108533962_o
148209337_1300173267049046_2768444098007068336_o
146199812_1300173473715692_29585527561160116_o
146110976_1300173197049053_1867586840182235982_o
146110976_1300173197049053_1867586840182235982_o (1)

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား/ကျောင်းသူတွေ လူငယ်တွေနဲ့ ပြည်သူ အင်အား ၅၀၀၀ လောက် ပါဝင်လာပါတယ်။ 

ဆန္ဒပြသူတွေက ရန်ကုန်-ပြည်ကားလမ်းတလျှောက်ချီတက်ခဲ့ကြပြီး  စစ်အာဏာရှင်စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံခေါင်းဆောင်များ အမြန်ဆုံးလွတ်ပေးရေးစတဲ့ ပိုစတာတွေ ကိုင်ဆောင်ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ကြီးမြို့နဲ့ အဖျောက်မြို့မှာလည်း ပြည်သူတွေနဲ့အတူ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ တိုက်ကြီးမြို့နယ်ရှေ့နေများအဖွဲ့၊ အဖျောက်ရေနံမြေအလုပ်သမားတွေနဲ့ ကျောင်းသား /ကျောင်းသူတွေလည်း ပါဝင်ဆန္ဒပြခဲ့ကြ ပါတယ်။

မေသွယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024