စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ အာဏာသိမ်းစစ်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို မြို့နေလူထုနဲ့ အသင်းအဖွဲ့တွေကနေ စားသောက်ကုန်အချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
ဌာနဆိုင်ရာ ၁၂ ခုက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်း ၉၀ လောက်ကို ရေသန့် ၁ ကတ်၊ ကြက်ဥ ၅ လုံး၊ ဆန်တပြည်စီ ဝေပေးခဲ့တယ်လို့ ကိုဟိန်းကိုကိုက ပြောပါတယ်။
ခင်ဦးမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်လှုပ်ရှားတာဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အများအပြား ပါဝင်လာတာကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ စားသောက်ကုန်တွေ ဝေငှတာလို့ သိရပါတယ်။
နောက်ရက်တွေမှာလည်း အလျဉ်းသင့်သလို ဝေငှသွားမှာဖြစ်ပြီး နေ့စဉ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အောင်စံလင်း