ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်ကို ဒီကနေ့ ထွေအုပ်က ဆီဆိုင်မြို့မရဲစခန်းမှာ သဘာဝဘေး အန္တာရယ်တားဆီးကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
ဦးစံဝင်းမေဟာင် ဟာဆီဆိုင်မြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးပြုလုပ်တာကို ဦးဆောင်တယ်လို့ ယူဆတဲ့အတွက် အမှုဖွင့်တာလို့ သိရပါတယ်။
ဦးစံဝင်းမောင်က “ကျနော့်ကို ထွေအုပ်က သဘာဝဘေးဥပဒ် အန္တရာယ် တားဆီးကာကွယ်ရေးဥပဒေပုဒ်မနဲ့ ရဲစခန်းမှာ အခုလေးတင်ဖွင့်လိုက်တယ်ဗျာ” လို့ ပြောပါတယ်။
မနေ့ညကတည်းက စစ်တပ်က ဦးစံဝင်းမောင်ကို ဖမ်းဆီးဖို့ သတင်းပေါက်ကြားပြီး တပ်က အရာရှိတစ်ဦးကို ဆက်သွယ်ပြီး လာဖမ်းဖို့စောင့်နေကြောင်း ပြောတဲ့အတွက် မဖမ်းဖြစ်ဘဲ ဒီကနေ့မှ အမှုဖွင့်ခံရတာပါ။
အမှုဖွင့်ခံရပေမယ် လာရောက်ဝန်းရံသူတွေက ပေးမဖမ်းတဲ့အတွက် လက်ရှိအချိန်ထိ လာရောက်ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ခွန်ရာဇာ