မြန်မာ့အရေးဝင်မစွက်ရန် တရုတ်သံရုံးကို ဆန္ဒပြ
DVB
·
February 12, 2021
အာဏာသိမ်းစစ်အစိုးရကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတဲ့ မြန်မာ ပြည်သူလူထုတွေက ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့ ကို သွားရောက်ပြီး မြန်မာ့အရေး ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နိုင်ငံဟာ မြန်မာအရေးဆုံးဖြတ်ချက်တွေ မချမှတ် နိုင်အောင် အစဉ်တစိုက် ကန့်ကွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။