ရေစကြိုမြို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ရဲဝန်ထမ်းတစ်ဦးပါဝင်လာ
DVB
·
February 11, 2021
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာမှာ ရဲဝန်ထမ်းတစ်ဦးပါဝင်လာခဲ့ပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမျာ ဘင်ခရာတီးဝိုင်းလှုပ်ရှားမှု ပုံစံလေးတွေ ပါဝင်လာပါတယ်။ ရေစကြိုမြို့ရဲ့ လမ်းလျှောက်သပိတ်စစ်ကြောင်း အနောက်ကနေ အမှိုက်လိုက်ကောက်နေကြတဲ့ G-Z လူငယ်တွေလည်း ရှိပါတယ်။
ရေစကြိုမြို့ပေါ်မှာတော့ ဆန္ဒထုတ်ဖော်တဲ့ လူထုအင်အားဟာ တစ်နေ့ထက် တစ်နေ့များလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။