ယင်းမာပင်မြို့ အာဏာသိမ်းစစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်မှု ထပ်တိုးလာပြီး အင်အား ၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ထပ်တိုးလာသလို CDM မှာလည်း ပါဝင်ကြပါတယ်။
စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ဒေသခံပြည်သူတွေ၊ လူမူရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူပူးပေါင်း အင်အား ၁ သိန်းကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြည်သူတွေကို အအေးဘူးတွေ၊ စားစရာမုန့်တွေကို ဒေသခံပြည်သူတွေက အာဟာရဒါန ကုသိုလ်ပြု ကျွေးမွေးကြသလို အမှိုက်ကောက်အဖွဲ့နဲ့ ကျန်းမာရေးကူညီမှုပေးနိုင်ဖို့ စေတနာ့ဝန်ထမ်းတွေလည်း ဆန္ဒပြရာလမ်းတစ်လျှောက် လိုက်လံခဲ့ကြပါတယ်။