မုံရွာမြို့နယ်လုံးဆိုင်ရာ လူထုသပိတ်တိုက်ပွဲကော်မတီ စတင်ဖွဲ့စည်း
DVB
·
February 10, 2021
မုံရွာမြို့မှာ လူထုသပိတ်တိုက်ပွဲကော်မတီကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
ဒီသပိတ်ကော်မတီမှာ ဗကသ၊ တကသကျောင်းသားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်း ၇ ဖွဲ့က ၁၁ ဦးနဲ့ ဦးဆောင်ဖွဲ့စည်းလိုက်တာပါ။
လက်ရှိမှာ မုံရွာမြို့အတွင်း အထွေထွေသပိတ်ကို ဆင်နွှဲနေတာ ဒီနေ့နဲ့ဆို ၅ ရက်မြောက်ရှိပြီဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သမဂ္ဂတပ်ဦးအလံတော်တွေရဲ့နောက်ကနေ တစ်ညီတစ်ညွတ်တည်း လိုက်ပါပေးကြဖို့ သပိတ်တိုက်ပွဲကော်မတီက တောင်းဆိုထားပါတယ်။