ရမည်းသင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တပ်မတော်ထောက်ခံပွဲ ပြုလုပ်ဖို့ ငွေပေးပြီးစည်းရုံးလူစုခိုင်းနေတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။
ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူ “ကားတစ်စီးကို နှစ်သောင်းပေးလိုက်ပါမယ်၊ လူပြည့်အောင်သာခေါ်ခဲ့။ လိုက်ထရပ်ပဲ နှစ်သောင်း၊ အယောက် ၂၀ သာပါအောင်ခေါ်ခဲ့။ ကျနော်တို့ဘက်တတ်နိုင်သလောက်ကူညီမယ် ။ ဆရာကြီးတို့ဘက်က ဝိုင်းဝန်း လုပ်ပေး၊ ” လို့ ပြောနေတာကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။
တပ်မတော်ထောက်ခံပွဲမှာအသုံးပြုဖို့ “အမျိုးဘာသာသာသနာကို စောင့်ရှောက်သောတပ်မတော်ဖြစ်လို့ ထောက်ခံပါသည်။ ဒီမိုကရေစီစနစ်ဖော်ဆောင်ပေးနေတဲ့ တပ်မတော်ကို ထောက်ခံပါသည်။ အသစ်ဖွဲ့စည်းထားသည့် ယူအီးစီကို ကြိုဆိုပါသည်” စတဲ့ ဆိုင်းဘုတ်တွေ တဖွဲ့ကို ၁၀ ခုစီပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။