စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှာ ပြည်သူတွေနဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် ကျေးရွာတွေကပါ ပူးပေါင်းပါဝင်ခဲ့ပြီး အင်အား ၁ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
“မနေ့က လူအင်အား သောင်းဂဏန်းလောက်ပဲ ရှိတာ။ အခု ၁ သိန်းအထက်မှာ ရှိတယ်။ ပညာရေးဌာနလည်း ဒီနေ့ပါလာတယ်။ ရွာတွေ အသီးသီးကလည်း ထွက်လာကြတယ်” လို့ ဆန္ဒပြဦးဆောင်သူ တစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး ပြည်သူ့အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး တားဆီးပိတ်ဆို့တာ မရှိဘူးလို့ သိရပါတယ်။
ရန်နိုင်စိုး