Home
မြန်မာသတင်း
ဆန္ဒပြပွဲ သုံးရက်အတွင်း ပခုက္ကူတွင် ၄ ဦး ဖမ်းဆီးခံရ
DVB
·
February 9, 2021
148184645_1510709285785813_6801690460624660854_n-1
148039005_1510709309119144_6319836764792984208_n
147901210_1510709335785808_594273199032842493_n
147412323_1510709375785804_6461878194126423490_o
148184645_1510709285785813_6801690460624660854_n

ပခုက္ကူမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူတွေထဲက ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီး ၇ ရက်နေ့က ပခုက္ကူနည်းပညာတကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုသာထက်အောင်အပါအဝင် ကျောင်းသားနှစ်ဦး၊ ၈ ရက်နေ့ညက တက်ကြွလှုပ်ရှားသူ ကိုမျိုးဇော်ထွေးနဲ့ ကိုမျိုးမော် စုစုပေါင်း လေးဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။

၉ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပခုက္ကူပြည်သူတွေကိုလည်း မြိုင်လမ်းနဲ့ မြို့မလမ်းဆုံနေရာမှာ ရဲတွေက တားဆီးပါတယ်။ 

ဆန္ဒပြ ပြည်သူတွေအနေနဲ့ နောက်ဆုတ်တာမျိုးမရှိခဲ့တာကြောင့် နေ့လယ် ၂ နာရီလောက်က ရဲတွေက လမ်းဖွင့်ပေးခဲ့ရပါတယ်။

မြင့်နိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024