ပုသိမ် ဆန္ဒပြသူများကို မြို့နယ်မှူးက ၁၅ မိနစ်အတွင်း လူစုခွဲခိုင်း၊ ဆက်လက်ဆန္ဒပြနေ
DVB
·
February 9, 2021
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီနေ့မနက် ၇ နာရီက စပြီး စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ပြည်သူ့ ဆန္ဒဖော်ထုတ်ပွဲကို တတိယနေ့အဖြစ် ဒီနေ့မနက် ဆက်လက်ပြုလုပ်နေပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမှာ ပညာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာပြီး အခုလက်ရှိမှာ ပုသိမ်မြို့ ကုန်သည်လမ်းနေရာမှာ ရဲတပ်ဖွဲ့က ၁၅ မိနစ်အတွင်း လူစုခွဲဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ပေမယ့် ဆန္ဒပြသူတွေက ကြွေးကြော်သံတွေနဲ့ ထိုင်ပြီး ဆန္ဒဖော်ထုတ်နေပါတယ်။
စည်သူမောင်မောင်