စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ဖေဖော်ဝါရီ ၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က ပြန်လည်ဖမ်းဆီးသွားပါတယ်။
၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ဒီနေ့မနက်က လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြည်သူကို မိန့်ခွန်းပြောခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ သိရပါတယ်။
လတ်တလောမှာ ဝန်ကြီးချုပ်ရဲ့ ဇနီးနဲ့ ယာဉ်မောင်းတို့ကိုတော့ နေအိမ်အကျယ်ချုပ် ထားကာ ဆက်သွယ်ရေးပစ္စည်းအားလုံးကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပါတီအတွင်းရေးမှူးတို့လည်း ဖမ်းဆီးခံထားရပါတယ်။
အောင်ကိုလတ်