ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့မှာ အာဏာသိမ်းစစ်အစိုးရရဲ့လုပ်ရပ်ကို မထောက်ခံတဲ့ လူငယ်တွေ စုဝေးပြီး ဒီနေ့မနက် ၉ နာရီခွဲမှစတင်ကာ ၅ မိနစ်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးက ကိုဗစ်ကာလစည်းကမ်းနဲ့ ငြိမ်းစုစီဥပဒေအရ တရားဝင်စာတင်ခွင့်ပြုချက်တောင်းခံမှု မပြုခဲ့တဲ့အတွက် လူစုလူဝေးပြုလုပ်ခြင်းကို ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။
ဒါကြောင့် စီတန်း လှည့်လည်မှုမပြုတော့ဘဲ မိုင်းတုံ အထက်တန်းကျောင်း အားကစားကွင်း အတွင်းမှာ ဆန္ဒသဘောထား ဖော်ထုတ်ချက်စာတမ်းတွေ ကိုင်ဆောင်ကာ လက်သုံးချောင်း ထောင်ပြီး ကမ္ဘာမကြေဘူး သီချင်းသီဆိုကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်ရာမှာ ဒေသခံလူအချို့၊ ပညာရေးဝန်ထမ်းတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အင်အား ၅၀ လောက် ပါဝင်ပြီးး မိုင်းတုံမြို့နယ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် လူငယ်တွေ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သတင်း - အောင်ဇေယျ