စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လယ်သမားသပိတ်တိုက်ပွဲစတင်
DVB
·
February 8, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံခေါင်းဆောင်တွေကို လွှတ်ပေးဖို့နဲ့ စစ်အစိုးရအလိုမရှိကြောင်းပြသတဲ့ အနေနဲ့ လောင်းလုံးမြို့နယ်မှာ လယ်သမားသပိတ် ပြုလုပ် တောင်းဆိုဆန္ဒပြနေကြပါတယ်။ လယ်သမားသပိတ်ကို ဒေသခံ လယ်သမား ၂၀၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။