တောင်ကိုရီးနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းအဝိုင်းဘူတာရှေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကိုးရီးယားအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီလ ၃၀ ရက် မနက်မှာ NUG ငွေတိုက်စာချုပ်တွေ ရောင်းချပေးနေပါတယ်။
NUG ငွေတိုက်စာချုပ်တွေကို ဘူဖြောင်းဘူတာရှေ့နဲ့ ပိတောက်ရိပ်ဆိုင်မှာ ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း ရောင်းချပေးမှာဖြစ်ပြီး ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာရောက်ဝယ်ယူအားပေးကြဖို့ တိုက်တွန်းထား ပါတယ်။
NUG ငွေတိုက်စာချုပ်များကို ကိုရီးယားနိုင်ငံရောက်မြန်မာပြည်သား အများစေနေထိုင်တဲ့ အခြားနယ်တွေကိုလည်း မြေပြင်ဆင်းပြီး ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။