ဒီမိုကရေစီပြန်လည်ရရှိဖို့ ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက သာကေတမြို့နယ်မှာ လူဦးရေ ထောင်နဲ့ချီ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က ပြည်သူရွေးချယ်ထားတဲ့ အရပ်သားအစိုးရဆီကနေ တပ်မတော်က အာဏာသိမ်းယူခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ စာရေးဆရာတွေ နဲ့ တက်ကြွလှုပ်ရှားသူအချို့ကို တပ်မတော်က အာဏာသိမ်းယူဖမ်းဆီးထားတဲ့အပေါ် ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဖြစ်ပေါ်နေပါတယ်။
ပြည်သူတွေကတော့ ဒီမိုကရေစီပြန်လည်ရရှိဖို့၊ အရေးတော်ပုံအောင်မြင်ဖို့ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူးဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။