အာဏာသိမ်းစစ်အစိုးရကို ဝက်လက်တောင်သူများ ဆန္ဒပြ
DVB
·
February 7, 2021
အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာနေ လယ်သမားတွေက ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြ ပါတယ်။
“ဝန်ထမ်းတွေ လက်ရှိဆောင်ရွက်နေတာတွေကို ထောက်ခံပါတယ်။ ကျနော်တို့လည်းပူး ပေါင်းပါဝင်ချင်ပါတယ်” လို့ ညောင်ပင်ကြီးတောရွာသားတစ်ဦးက ပြောပါတယ်။
လယ်သမားတွေက စစ်အာဏာသိမ်းတာကို အပြင်းအထန်ကန့်ကွက်ကြောင်း၊ မဲပေးထားတဲ့ ပြည်သူ့အစိုးရကိုသာ အလိုရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးက ဝန်ထမ်းတွေနဲ့အတူ ရပ်တည်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။