ကရင်ပြည်နယ် မြဝတီမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ရာဘာကျည်ဆန်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ၁၀ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ် အလိုမရှိကြေငါင်း လူအင်အား ၂၀၀ လောက် ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ဆန္ဒပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှုးရုံးရှေ့အရောက် ရဲအင်အား ၂၀ လောက် သေနတ်ပစ်ဖောက်ပြီး ဆန္ဒထုတ်ဖော်သူတွေကို လိုက်လံဖမ်းဆီးခဲ့တဲ့အပြင် နံပါတ်တုတ်တွေနဲ့လည်း ရိုက်နှက်ခဲ့တယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ကိုအောင်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူတွေကို ပစ်ခတ်လူစုခွဲပြီးနောက် ဒီကေဘီအေ ဗုဒ္ဓဘာသာ ကရင်အကျိုးပြု တပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ မော်တော်ယာဥ် သုံးစီးနဲ့ ရောက်ရှိလာပြီး ဆန္ဒထုတ်ဖော်သူတွေဘက်က ဝိုင်းရံပေးခဲ့ပါတယ်။
Video - Kolin