Home
မြန်မာသတင်း
ဖဲကြိုးနီလှုပ်ရှားမှုတွင် မကွေးတိုင်း ဌာနဆိုင်ရာဝန်ထမ်းအားလုံးနီးပါးနှင့် အရပ်ဘက်အဖွဲ့များ ပါဝင်လာ
DVB
·
February 5, 2021
147294382_2521510468150399_5261488204218337108_n
146964272_2521510341483745_2105334892583410023_n
146465728_2521510551483724_2294125085829255849_n
147294382_2521510468150399_5261488204218337108_n
146465728_2521510551483724_2294125085829255849_n
145495532_2521510591483720_6807294463890415633_n

မကွေးတိုင်းဒေသကြီးအတွင်းက ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးနီးပါးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်လာပြီလို့ တက်ကြွလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စတင်လိုက်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုမှာ မကွေးတိုင်းအတွင်းက လက်ထောက်ညွှန်ကြားရေးမှူး ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း အားလုံးနီးပါး ပျံ့နှံသွားပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ဌာနဆိုင်ရာ အားလုံးနီးပါး ပူးပေါင်းပါဝင်လာတာလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်း တက္ကသိုလ်အသီးသီးက ဆရာ/ဆရာမတွေ၊ အခြေခံပညာ ဦးစီးဌာနက ဆရာဆရာမတွေ၊ လူမှုဝန်ထမ်းဌာန၊ ဆည်မြောင်းဌာန၊ မန်းရေနံမြေဝန်ထမ်းတွေ၊ MOGE ဝန်ထမ်းတွေ၊ လျှပ်စစ်ဌာနက ဝန်ထမ်းတွေအပြင် အခြား ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပါဝင်လှုပ်ရှားလာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် မကွေးမြို့ပေါ်က လမ်းတစ်ချို့မှာ ရွေးကောက်ခံအစိုးရသည်သာ ပြည်သူ့အစိုးရ၊ ပြည်သူ့အာဏာ ပြည်သူအားနဲ့ပြန်သိမ်းကြ၊ အကြမ်းမဖက် နည်းပေါင်းစုံနဲ့ အာဏာရှင်ကို တော်လှန်ကြ၊ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး လူထုအားလုံးပါဝင်ပေး၊ ပြည်သူ့ဝန်ထမ်းများကို ပြည်သူအားလုံးဝန်းရံကြ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ ဆိုတဲ့ စာတွေကိုလည်း ဖြန့်ကြဲခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024