Home
မြန်မာသတင်း
စစ်ကိုင်း တက္ကသိုလ်နှင့် မြန်မာ့မီးရထားစက်ရုံတို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်
DVB
·
February 5, 2021
147175497_190808579494301_569659626802028777_n
147129919_190809272827565_2275884283243654668_n
146917329_190809306160895_8639561912381745477_n
146537750_190809339494225_1021450809214287136_n
146510444_190808746160951_2258039502613790712_n
146458270_190808459494313_4257996404656425731_o

တပ်မတော် အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း စစ်ကိုင်းမြို့ရှိ တက္ကသိုလ်တွေက ဆရာ/ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ (ရွာ‌ထောင်) ဝန်ထမ်းတွေဟာ ဒီနေ့မနက်က ဖဲကြိုးနီများတပ်ဆင်ပြီး အကြမ်းမဖက်နည်းနဲ့ လက်သုံးချောင်းထောင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဆရာ/ဆရာမ ၁၁၇ ဦးက Civil Disobedience Movement မှာ ပူပေါင်းပါဝင်သွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဆရာ/မ တွေအနေနဲ့လည်း ပါဝင်ပူးပေါင်း ကြဖို့ အပါအဝင် အချက် ၄ ချက်ပါ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့ပြုလုပ်ရတဲ့ရည်ရွယ်ချက်က အခု စစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို အသိအမှတ်ပြုဖို့ အဓိကထား တောင်းဆိုခဲ့ပါတယ်” လို့ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းလှုပ်ရှားမှုကို တက္ကသိုလ်ဝင်းနဲ့ စက်ရုံဝင်းအတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း - ရဲနိုင်ဆွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024