အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်က ဆရာ၊ ဆရာမ ၇၅ ရာခိုင်နှုန်းတို့က အကြမ်းမဖက်အာခံခြင်းနည်းဖြစ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်လိုက်ပါတယ်။
နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်အာဏာရှင်တို့ရဲ့လုပ်ရပ်ကို လုံးဝကန့်ကွက်ပြီး ပြည်သူ့ဆန္ဒနဲ့တင်မြှောက်တဲ့ ပြည်သူ့အစိုးရရဲ့လက်အောက်တွင်သာ ဝန်ထမ်းကောင်းပီသစွာ တာဝန်ထမ်းဆောင်သွားကြမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ရွေးကောက်ခံကိုယ်စားလှယ်များနဲ့သာ တရားမျှတတဲ့ လွှတ်တော်ခေါ်ယူပေးဖို့ တောင်းဆိုထား ပါတယ်။
ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးဝန်ထမ်းများ အာဏာသိမ်းစစ်အစိုးရကို တစ်ခဲနက်ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။