တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၁၂ ဦးကို တာဝန်ပေးလိုက်ကြောင်း အာဏာသိမ်းစစ်အစိုးရက ဖေဖော်ဝါရီ ၂ ရက်နေ့ ညမှာ ထုတ်ပြန်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အခုလို ခန့်အပ်တာဝန်ပေးလိုက်တာလို့ ဆိုပါတယ်။
ဦးခက်ထိန်နန် (ကချင်ပြည်နယ်)၊ ဦးခင်မောင်ဦး(ခ) ဘူးရယ် (ကယားပြည်နယ်)၊ ဦးစောမြင့်ဦး (ကရင်ပြည်နယ်)၊ ဦးတဲရင့်စမွိုင်းနီခွဲ (ချင်းပြည်နယ်)၊ ဒေါက်တာတင်ဌေး(မွန်ပြည်နယ်)၊ ဒေါက်တာအောင်ကျော်မင်း(ရခိုင်ပြည်နယ်)၊ ဒေါက်တာကျော်ထွန်း (ရှမ်းပြည်နယ်)၊ ဦးမောင်မောင်လင်း (စစ်ကိုင်းတိုင်း)၊ ဦးတင့်လွင်(မကွေးတိုင်း)၊ ဦးမောင်ကို(မန္တလေး)၊ ဦးမျိုးဆွေဝင်း(ပဲခူးတိုင်း)၊ ဦးတင်အောင် (တနင်္သာရီတိုင်း) တို့ကို ခန့်အပ်တာဝန်ပေးလိုက်တာပါ။
ဒေါက်တာ မောင်မောင်နိုင်ကိုလည်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်ထားပါတယ်။