အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ တစ်ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
အလားတူ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့၊ နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီအတွင်းရေးမှူး ဦးမြင့်ကြည်တို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
လတ်တလောမှာတော့ အစိုးရဝင်းအတွင်းရှိ နေအိမ်တွေမှာပဲ နေထိုင်နေရဆဲဖြစ်ပြီး တခြားဝန်ကြီးတွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ဆိုပါတယ်။ ၃ ရက်အတွင်း ထွက်ခွာပေးရမှာဖြစ်လို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။
ဖမ်းဆီးခံရစဉ် အခြေအနေတွေ၊ နောက်ဆက်တွဲလုပ်ကိုင်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။