Home
မြန်မာသတင်း
မြန်မာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ် ဆွေးနွေးမည်
DVB
·
February 2, 2021
347251-l_227211_034850_updates-730x365

စပ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့  တံခါးပိတ် ဆွေးနွေးဖို့ရှိတယ်လို့ နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရပ်စ်ကလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေ အဖမ်းခံရမှုကို အပြင်းအထန် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ အားလုံးကို စစ်တပ်ကို လွှဲပေးတယ်ဆိုတဲ့ ကြေညာချက် အပေါ်အကြီး အကျယ် စိုးရိမ်ကြောင်း၊ လက်ရှိဖြစ်ထွန်းမှု တွေဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အပြင်းအထန် ထိုးနှက်လိုက်တာ လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီ ဒူဂျာရစ်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ပြောပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို လိုလားတဲ့ မြန်မာ ပြည်သူတွေကို မမှိတ်မသုံ ထောက်ခံသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခိုင်အမာ ထပ်လောင်း အတည်ပြုတယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။

မြန်မာစစ်တပ်ကသိမ်းယူထားတဲ့ အာဏာကို ချက်ချင်းစွန့်လွှတ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတိုက်တွန်းထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တိုးတက်မှုတွေအပေါ်အခြေခံပြီး ပြန်လည်ရုပ်သိမ်းပေးခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေကိုလည်း အမြန်ဆုံးပြန်လည်သုံးသပ်ပြီး သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024