Home
မြန်မာသတင်း
တပ်မတော် အာဏာသိမ်းမှု RCSS အဖွဲ့ ကန့်ကွက်
အောင်သူ
·
February 1, 2021
YMK14309
YMK14293
YMK14289
YMK14309

တပ်မတော်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (အန်စီအေ) နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းသွားနိုင်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သတင်းထုတ်ပြန်ပါတယ်။ 

တပ်မတော်က ဒီမိုကရေစီအရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူပြီး အရေးပေါ် အခြေအနေကြေညာလိုက်တာ‌ဟာ ယုံကြည်မှုတည်ဆောက်တာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေပြီး ဒီမိုကရေစီကို ဆန့်ကျင်တဲ့အတွက် အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း အန်စီအေ လက်မှတ်ထိုးထားတဲ့ RCSS က ပြောပါတယ်။

RCSS ဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအတွက် ပြည်သူလူထုတရပ်လုံးနဲ့ အတူတကွ ရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်းအပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး တွေ့ဆုံဆွေးနွေးညှိနှိုင်းကြပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024