မန္တလေးဆေးတက္ကသိုလ်က ကျန်းမာရေးဝန်ထမ်း ၂၀၀ လောက်ကို ဇန်နဝါရီလ ၂၇ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေပါတယ်။
နောက်နေ့တွေလည်း ထပ်မံထိုးပေးသွားဖို့ရှိနေပြီး သုံးရက်လောက် ထိုးပေးသွားမယ်လို့ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေ ဒီကနေ့မနက်မှာ မန္တလေးလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး မန္တလေးတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်း ၁၅၆၈၉ ယောက်ကို ဦးစားပေး ထိုးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။
မန္တလေးတိုင်းအတွက် ကာကွယ်ဆေးပုလင်းပေါင်း ၁၇၄၂ ပုလင်း ရခဲ့တာဖြစ်ပြီး တစ်ပုလင်းကို လူ ၁၀ ဦး ထိုးပေးနိုင်မယ်လို့ သိရပါတယ်။
သတင်း - နိုင်လင်းဦး