Home
မြန်မာသတင်း
အမုန်းစကားများ ရပ်တန့်ရေး လှုပ်ရှားမှု ရခိုင်တပြည်နယ်လုံးတွင် ပြုလုပ်
ပိုင်စိုး
·
January 23, 2021
141423540_164849452100109_2653694837658471353_n

အမုန်းစကားတွေ ရပ်တန့်ဖို့ လှုပ်ရှားမှုတခုကို ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်က ဒီနေ့ တပြည်နယ်လုံးမှာ ပြုလုပ်ခဲ့ပါတယ်။

မြို့နယ်အလိုက် ပိုစတာတွေချိတ်ဆွဲတာ၊ လက်ကမ်းစာစောင်တွေ ဝေငှတာတွေကို လုပ်ခဲ့ကြတာပါ။

သံတွဲမြို့နယ်ရဲ့ လှုပ်ရှားမှုမှာပါဝင်သူ မနေနေထွန်းက “ကျမတို့ထဲမှာ လူမျိုး ဘာသာပေါင်းစုံပါတယ်။ တမြို့နယ်လုံးအတွက် လမ်းကြောင်း ၅ ခုခွဲပြီး တကြောင်းမှာ လူ ၈ ယောက်စီ ပါပါတယ်။ လက်ကမ်းစာစောင်တွေ၊ Mask တွေ ဝေတယ်။ ကျမတို့ ထုတ်ထားတဲ့ ဘက်စုံသုံး ဆပ်ပြာဆီတွေလည်းဝေပေးတယ်” လို့ ပြောပါတယ်။

လူမျိုးရေးကို အခြေခံတဲ့ အမုန်းစကားတွေ ချက်ချင်းရပ်၊ ကိုးကွယ်ယုံကြည်မှုကို အခြေခံတဲ့ အမုန်းစကားတွေ ချက်ချင်းရပ်၊ မွေးဖွားရာ၊ နေထိုင်ရာ အရပ်ဒေသခံကို အခြေခံတဲ့ အမုန်းစကားတွေ ချက်ချင်းရပ်၊ လိင်ကွဲပြားမှုကို အခြေခံတဲ့ အမုန်းစကားတွေ ချက်ချင်းရပ်၊ လူအချင်းချင်း ကွဲပြားခြားနားစေတဲ့ အခြေခံတဲ့ အမုန်းစကားတွေ ချက်ချင်းရပ် ဆိုတဲ့ ပိုစတာတွေကို နယ်အနှံလိုက်လံချိတ်ဆွဲပြီး လက်ကမ်းစာစောင်တွေလည်း ဝေငှခဲ့ကြတာပါ။

ဇန်နဝါရီ ၁၆ ရက်မှာကတည်းက ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်ဆိုင်ရာ အကန့်အသတ်တွေကြောင့် တချို့မြို့နယ်တွေမှာပဲ လုပ်ဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ အားလုံး တပြိုင်တည်း ပြန်လုပ်ကြတာလို့ သံတွဲမြို့နယ် အမျိုးသမီးကွန်ရက်ဝင် မအေးအေးဝင်းက ပြောပါတယ်။

တောင်ကုတ်မြို့နယ် အမျိုးသမီးကွန်ရက် တာဝန်ခံ ဒေါ်ချိုချိုပြုံးက တောင်ကုတ်မှာ ဇန်နဝါရီ ၁၆ ရက်က မြို့ပေါ်နဲ့ အနီးဝန်းကျင်ကို အဖွဲ့ ၅ ခုနဲ့ လှုပ်ရှားမှု လုပ်ခဲ့ပြီး ဒီနေ့မှာလည်း မြို့နဲ့ ဝေးတဲ့ ရွာတွေဆီကို တဖွဲ့ဆင်းနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ကို မြို့နယ်၊ ခရိုင်တာဝန်ခံတွေနဲ့ ဖွဲ့စည်းချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024