Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် အိန္ဒိယဒန့်သလွန်သီး ဈေးကောင်းရနေ၍ တောင်သူများအဆင်ပြေ
DVB
·
January 19, 2021
Untitled-1
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာ အိန္ဒိယ ဒန့်သလွန်သီးတွေ ဈေးကောင်းရနေတာကြောင့် ဒန့်သလွန်စိုက်တောင်သူတွေ  အဆင်ပြေကြတယ်လို့ သိရပါတယ်။   စိုက်ပျိုးရရှိတဲ့ ဒန့်သလွန်သီးတွေကို အဝယ်ဒိုင်တွေဆီကို ပို့ဆောင်ရောင်းချရတာဖြစ်ပြီး တစ်တောင့်ကို  ၉၀၊ ၁၀၀ ကျပ်နဲ့ ရောင်းချရတယ်လို့ သိရပါတယ်။ ရွာတုံရွာနေ တောင်သူ ဦးကျော်မျိုးထိုက်က “ဒန့်သလွန်က‌တော့ အိန္ဒိယမျိုးပေါ့။ PKM1 လို့လည်း ခေါ်တယ်။ ပြုစုတာကောင်းရင် ၄ လလောက်ဆိုရင် အသီးစသီးပြီ။ မိရိုးဖလာစိုက်ပျိုးရေးနဲ့ အခုလို တွဲစိုက်သင့်တယ်။ ဒန့်သလွန်သီးက ဝယ်သူလည်း ပေါတယ်လေ။ အပင် ၇၀၀ ကျော် စိုက်ပျိုးထားတယ်။ ရေကောင်း ကောင်းပေးနိုင်ရင် တစ်လကို ၃ ကြိမ်ခန့် အသီး ခူးရတယ်” လို့ ပြောပါတယ်။ အိန္ဒိယဒန့်သလွန်ပင်မျိုးတွေဟာ စိုက်ပျိုးပြီး ၃ လကျော်ပါက အပင်တစ်ပင်ကို  အတောင့် ၁၀၀ ကနေ ၆၀၀ လောက် သီးပြီး ဒန့်သလွန်းအသီး တောင့်တစ်တောင့်ကို  ၂ ပေဝန်းကျင်အထိ အရှည်ရှိတယ်လို့ သိရပါတယ်။    မုံရွာမြို့ အောင်မြင်သူ သီနှံပွဲရုံပိုင်ရှင် ဦးလှမင်းနိုင်က "ကျနော်တို့ကတော့ ဝယ်တဲ့နေရာမှာ ခြံရှင်တွေနဲ့ ချိတ်ဆက်ထားရတယ်ပေါ့။ မနှစ်က သီးတစ်ထောင့်ကို ၄၀၊  ၅၀ ပေးရတယ်။ အခုနှစ်ကတော့ ၉၀၊ ၁၀၀ ပေးရပြီး လိုချင်သလောက်မရဘူးဗျ” လို့ ပြောပါတယ်။ ဒန့်သလွန်ပင်တစ်ပင်မှာ တစ်နှစ် ၃ ကြိမ် ခူးရပါက အပင် ၁၀၀၀ ကို သိန်း ၈၀ လောက် ဝင်ငွေရတယ်လို့ အပင်စိုက်တောင်သူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်အတွင်းမှာ ကနီမြို့၊ အ‌ရာတော်မြို့၊ မုံရွာမြို့တွေမှာ တစ်ပိုင်တစ်နိုင်ဒန့်သလွန်ကို စမ်းသပ်စိုက်ပျိုးနေကြပြီး အသီးဝယ်လိုအားကောင်းတာကြောင့် ဈေးကောင်းရနေကြတာပါ။ သတင်း - ကျော်မင်းသန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013