ဖားကန့်မြို့၏ အရှေ့မြောက်ဘက်တွင် အင်အား ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်
DVB
·
January 17, 2021
ကချင်ပြည်နယ် ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ ဒီနေ့မွန်းလွဲပိုင်းက အင်အား ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၂၉ မိနစ်၊ ၅၁ စက္ကန့်အချိန်က ဖားကန့်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၉၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၄၆ ဒီဂရီ၊ အနက် ၃ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက်မှာလည်း ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။