တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းများ အွန်လိုင်းက ကြည့်ရှုနိုင်ပြီ
DVB
·
January 17, 2021
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းတွေကို အွန်လိုင်းကနေ ဒီနေ့ စပြီး ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခဲ့တဲ့ ခုံအမှတ်၊ မွေးသက္ကရာဇ်တွေကို မှန်မှန်ကန်ကန်ဖြည့်စွက်ပြီး https://mmexamscore.org အင်တာနက်ဝက်ဘ်ဆိုက်ကနေ ကြည့်ရှုနိုင်ပါတယ်။
ရုံးတွေမှာ အမှတ်စာရင်းထုတ်ပေးနိုင်မှာ မဟုတ်ကြောင်းနဲ့ လာရောက် မလျှောက်ထားကြဖို့ ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပြီး အမှတ်စာရင်းတွေ ထုတ်ပေးမယ့် အစီအစဉ်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြိုတင်အသိပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို အွန်လိုင်းကနေတဆင့် ထုတ်ပြန်ခဲ့ပါတယ်။