Homeမြန်မာသတင်းပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက်မှာ ၇ နှစ်အရွယ် ၁ တန်းကျောင်းသူ ၁ ဦးအား အသက် ၂၅ နှစ်အရွယ် ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်တိုက်ကြားခဲ့ပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့မနက် ၇ နာရီအချိန်လောက်က မ ---ရဲ့ မိခင်ဟာ တူမ ၁ ယောက် နေထိုင်မကောင်းလို့ ပဲခူးပြည်သူ့ဆေးရုံကို ဆေးရုံစာအုပ်သွားထပ်စဉ် အိမ်အပေါ်ထပ်အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ မ--ကို ဦးလေးတော်စပ်သူ လွင်မိုးအောင်(ခ) အညာသားဆိုသူက အိမ်ပေါ်ကိုတက်လာပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူရဲ့ ပြောပြချက်အရ မိခင်ကသိ ခဲ့ရတာပါ။
သမီးဖြစ်သူအား သားမယားပြုကျင့်သူ လွင်မိုးအောင်(ခ) အညာသားအား အရေးယူပေးဖို့ ပဲခူးမြို့မ ရဲစခန်းမှာ တရားလိုပြုလုပ်တိုင်ကြားခဲ့တာပါ။
ပဲခူးမြို့မရဲစခန်းကနေ လွင်မိုးအောင်(ခ) အညာသားအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ ဇန်နဝါရီ ၈ ရက်နေ့က အမှုဖွင့်ဖမ်းဆီးအရေးးယူထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး