Home
မြန်မာသတင်း
မူဆယ်မြို့ရှိ ပြည်သူ့စစ်နေအိမ်နှင့်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ 
DVB
·
January 6, 2021
135867249_3861792080537739_7777174729145247450_n
135793721_3861791810537766_6283339533007706635_n
135531005_3861791957204418_8301454520674709870_n
135225979_3861791763871104_5921364431444179340_n
135198609_3861792027204411_6877600194088884130_n
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်ရဲ့ နေအိမ်တချို့နဲ့ ရုံးတို့ကို လက်နက်ကိုင်လူတစ်စုက ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီး/ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ တယ်လို့ မူဆယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး  မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသူရိန်က "လူတွေတော့ ဘာမှ မဖြစ်ပါဘူး။ ပြည်သူ့စစ်တွေရဲ့နေအိမ်တွေကို အပြင်ကနေ လက်နက်နဲ့ ပစ်တာပါ”လို့ ပြောပါတယ်။ အလားတူ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ တာမိုးညဲပြည်သူ့စစ်နဲ့ ပြိန်းဆာပြည်သူ့စစ်အဖွဲ့တွေ နေထိုင်ရာ နေအိမ်ကို ပြောက်ကျားဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင်လူတစ်စုက မော်တော်ယာဉ်နဲ့ ရောက်လာပြီး ၄၀ မမ ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောပါတယ်။ လက်နက်ကြီးငယ်နဲ့ ပစ်ခတ်မှုကြောင့်  ထိခိုက်ဒဏ်ရာရသူမရှိပေမယ့်လည်း နေအိမ်ခြံဝင်း တံခါး၊ မှန်တံခါး တို့ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းကလည်း မူဆယ်မြို့ရှိ ပြည်သူ့စစ်နေအိမ်တချို့ အသံမိုင်းပစ်ထည့်တဲ့ ဖောက်ခွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ သတင်း - Pra jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024