တိမ်းရှောင်နေသည့် ဗကသကျောင်းသား ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)
DVB
·
January 6, 2021
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် တောင်းဆို ဆန္ဒပြလို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး တာဝန်ခံ ကိုဘုန်းမြင့်ကျော်ကို ဇန်နဝါရီ ၅ ရက် နေ့လည်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကိုဘုန်းမြင့်ကျော်ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ (ခ) တို့နဲ့ မန္တလေးမြို့ အမရပူရမြို့နယ် တရားရုံးနဲ့ အောင်မြေသာဇံမြို့နယ် တရားရုံးတို့က ဖမ်းဝရမ်း ထုတ်ထားတာပါ။
တစ်နိုင်ငံလုံးမှာ ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅ ယောက် ရှိနေပြီး ဝရမ်းတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ အယောက် ၃၀ လောက်ရှိပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံကျောင်းသား အများစုကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ပုဒ်မ ၅၀၅ (က) ၊ (ခ) တို့နဲ့ အများဆုံး စွဲဆိုထားပြီး ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဥပဒေတို့နဲ့လည်း တရားစွဲထားပါတယ်။
Photo-Kaung Zaw Hein/ MPA