မန္တလေးတွင် ၇ လသားအရွယ်ကလေးငယ် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
DVB
·
December 16, 2020
မန္တလေးမြို့ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ ဒီဇင်ဘာလ ၁၆ ရက် မနက် ၃ နာရီလောက် က အသက် ၇ လသားအရွယ် ကလေးငယ် တစ်ယောက် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက အတည်ပြုပါတယ်။
ကလေးငယ်ဟာ ချောင်းဆိုးရင်ကြပ်ပြီး မောနေတဲ့အတွက် ဆေးရုံကို ရောက်ရှိခဲ့ပြီး စောင့်ကြည့်ခန်းမှာ ထားရှိကာ ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးရာ ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။
ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက “ ကိုဗစ် Positive ဖြစ်တော့ ကလေးကို Ventilator ပေးတယ်။ အဲ့ဒီ Ventilator ပေးနေရင်းနဲ့ ဆုံးတာပါ” လို့ ပြောပါတယ်။
မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိပြီး မန္တလေးခရိုင်တစ်ခုတည်းမှာတင် အတည်ပြုလူနာက ၈၂,၀၀၀ ကျော်ရှိတာပါ။
သေဆုံးသူကတော့ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ၁၂၈ ယောက်ရှိပြီး လက်ရှိ တစ်တိုင်းလုံးမှာ ဆေးရုံတက်နေရသူကတော့ ၂၇၉၅ ယောက် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း- နိုင်လင်းဦး/ဓာတ်ပုံ- ပရဟိတမင်းခေါင်