ကိုဗစ်လူနာသစ် ၁,၁၂၇ ဦးတွင် ရန်ကုန်က ၅၁၉ ဦး၊ မန္တလေးက ၂၆၄ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 14, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၂၇ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၅၁၉ ယောက်၊ မန္တလေးတိုင်းက ၂၆၄ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ညနေ ၄ နာရီခွဲ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဥက္ကလာပ ၅၈ ယောက်၊ မင်္ဂလာဒုံက ၅၂ ယောက်၊ သာကေသ ၄၈ ယောက်၊ ရွှေပြည်သာ ၃၁ ယောက်၊ သင်္ဃန်းကျွန်း ၂၉ ယောက် စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ ခုမှာ ၂၆၄ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၁၀ ခုမှာ ၁၁၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၂ ခုမှာ ၇၆ ယောက်၊ မကွေးတိုင်း မြို့နယ် ၁၂ ခုမှာ ၅၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၂၇ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၆ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၁၆ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၄ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၇ ခုမှာ ၁၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၉ ယောက်၊ နေပြည်တော် မြို့နယ် ၃ ခုမှာ ၄ ယောက်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ၂ ယောက် စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၆၆ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၈,၃၄၂ ယောက်၊ သေဆုံးသူ ၂,၂၆၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၆,၇၉၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၂ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၆ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၅၀ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ - တောင်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ကုသဆောင်